သမီးချောချောလေးတွေကို ရှားရှားပါးပါးထုတ်ပြလိုက်တဲ့ Jet Li

 

ရုတ်မင်းသားကြီး ဂျက်လီကတော့ သူ့ရဲ့ သမီးချောချောလေးတွေကို ခရစ်စမတ်နေ့မှာ ရှားရှားပါးပါး ထုတ်ပြလို က်ပါတယ်။မြင်ရခဲတဲ့ ဂျက်လီရဲ့ သမီးလေး(၂)ယောက်ကတော့ ပရိသတ်တွေ မျှော်လင့်ထားတဲ့ အတိုင်း တကယ့်ကို ချစ်စရာကောင်းသူလေးတွေပါ။IG မှာ ခရစ်စမတ်အတွက် နှုတ်ခွန်းဆက်စကားဆိုရင်း သမီးလေးတွေကိုပါ ထုတ်ပြခဲ့ တာပါ။
ဘယ်ဖက်မှာရှိနေတဲ့ အနက်ရောင် jumpsuits ကို ၀တ်ဆင်ထားသူလေးကတော့ Jane ဖြစ်ပြီး သူမရဲ့ အသက်က တော့ (၁၈)နှစ်ပါ။ညာဖက်က Jada လေးကတော့ (၁၅)နှစ်ပါ။ငယ်သေးပေမယ့် အရပ်ကတော့ အဖေထက်တောင်ပိုပြီး ရှည်နေပါပြီ။

ဂျက်လီကတော့ မိသားစုဘ၀လေးတွေကို ကိုယ်ပိုင် Private life အဖြစ် တည်ဆောက်ချင်သူပါ။မင်းသမီးဟောင်း Nina Li Chiနဲ့ (၁၉၉၉)မှာ လက်ထပ်ခဲ့ပါတယ်။မိသားစုကိုသိုသိုဝှက်ဝှက်ပဲ ထားချင်တဲ့ သူ့ရဲ့ စိတ် ကြောင့် ကလေး တွေရဲ့ ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်တယ်ဆိုတာ အရမ်းကို ရှားပါတယ်။

ဒါပေမယ့် အဖေတစ်ယောက်အနေနဲ့ ကတော့ သမီးတွေရဲ့ထူးချွန်မှုကို ထုတ်ကြွားချင်တဲ့ စိတ်ကိုတော့ တားဆီးလို့ မရခဲ့ပါဘူး။ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဇူလိုင် လက IG မှာ Jane ရဲ့ ပုံကို တင်ခဲ့ပါတယ်။တရုတ်မှာကျင်းပတဲ့ အမျိုးသမီးနဲ့ စွန့်ဦးတီထွင်မှုဆိုင်ရာ ဟောပြောပွဲ မှာ guest speaker အနေနဲ့ တက်ရောက်ခဲ့တဲ့ သမီးရဲ့ ပုံကိုတော့ ဂုဏ်ယူဝံ့ကြွားစွာတင်ခဲ့ဖူးပါတယ်။
 နားမကြား တဲ့ ကလေးတွေကို ကူညီတဲ့အဖွဲ့မှာ ပါဝင်ပေးခဲ့ပြီး Jada က မနှစ်က အဖေများနေ့မှာ သူ့ကို အံ့အားေ လာက်စရာ လက်ဆောင်ကို ပေး ခဲ့တယ်လို့ လည်း ဂျက်လီက သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ပါတယ်။အဲ့ ဒါ ကတော့ သမီးတွေရဲ့ ပုံကို နောက်ဆုံးတင်ခဲ့တာဖြစ်ပြီး .အခုခရစ်စမတ်ပုံကတော့ အဲ့ဒီနောက်ပိုင်း ပထမဆုံး တင်တဲ့ ပုံပါ။အောက်တိုဘာတုန်းကတော့ ဂျက်လီက အင်တာဗျူး တစ်ခုမှာ သူ့ရဲ့ အနုပညာလှုပ်ရှားမှု အကြောင်း ပြော ခဲ့ ပါတယ်။
 
Disney ရဲ့ Mulan ကို live-action အဖြစ် အသက်သွင်းမယ့် Mulan ဇာတ်ကားကို သမီး ဖြစ်သူ တွေရဲ့ တောင်းဆိုမှုကြောင့် ပါဝင်ခဲ့တယ်လို့ ဖြေခဲ့ဖူးပါတယ်။
Jada က “Disney လို ကုမ္ပဏီက တရုတ် ယဉ်ကျေးမှု အကြောင်းကို ထည့်ရိုက်မယ့် ရုပ်ရှင်မှာ ဘာလို့ အဖေက မပါရမှာလဲ..” ဆိုပြီး ဒီကားမှာ ပါဝင် ဖို့အဖေ ဖြစ်သူကို တောင်း ဆိုခဲ့တာပါ။လက်ရှိမှာတော့ ဂျက်လီကတော့ မကြာသေးမီ နှစ်တွေ ကစပြီး သူ့ရဲ့ ကွန်ဖူးပညာရပ် တိုးတက် ပျံ့ပွားရေး အတွက် promote လုပ်တာတွေနဲ့ One Foundation ကိစ္စကိုပဲ အာရုံစိုက် လုပ်ဆောင်လျက်ရှိ ပါတယ်။
Source; Asiaone

Comments

Post a Comment

Popular posts from this blog

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)