ကိုရီးယားအကင်ချောင်းတွေရဲ့ နောက်ကွယ်က ကြောက်စရာဇစ်မြစ်


လှိုင်သာယာ ကမ်းနားလမ်းမှာ ကလေးတယောက် ကြွက်အသေကောင် ၅ကောင် ၆ကောင်ခန့်ကို ကြိုးနဲ့ချည်ပြီး ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်လာနေပါတယ်။ သူဘာလို့ ဒီလောက်ပျော်နေတာလဲ? ဒီမေးခွန်းအတွက် အဖြေရှိပါတယ်။ အရွယ်အစားစုံလှတဲ့ ကြွက်တွေဟာ သူ့အတွက် တနေ့တာ ဝင်ငွေကို ဖြည့်စည်းပေးဖို့ အသင့်ရှိနေပြီ ဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာ သိပ်မကြာခင်အချိန်မှာ အသားဒိုင်တယောက်လာပြီး ဈေးဖြတ်ဝယ်ယူတော့မှာ ဖြစ်တာကြောင့် သူအိမ်ကို အပြေးလေး ပြန်နေတာလဲ ဖြစ်ပါတယ်။ ကမ်းနားက ကျူးတဲတွေ၊ ဈေးအနီးအနား ဝန်းကျင်က အမှိုက်ပုံတွေနားမှာ ကျက်စားနေတဲ့ ကြွက်တွေဟာ သူတို့အတွက်တော့ ရတနာသိုက်ကြီးပါပဲ။

ကြွက်တွေသာမကပါဘူး မိုးဦးကာလတွေနဲ့ မိုးရာသီအချိန်တွေမှာ ထွက်လာလေ့ရှိတဲ့ ဖားမျိုးစုံဟာလည်း သူတို့အတွက် တန်ဖိုးရှိတဲ့ ရတနာတွေပါ။ အသားအဝယ်တော်ဟာ ဘယ်လိုအသားပဲဖြစ်ဖြစ် ဈေးဖြတ်ဝယ်တာကြောင့် သူ့အတွက် ဖမ်းနိုင်ဖို့သာ အရေးကြီးပါတယ်။ တခါတလေ ရေမြွေ၊ မြက်လျှောတို့လို မြွေတွေကိုလည်း ဖမ်းမိလေ့ရှိပေမယ့် အဆိပ်ရှိမရှိ ခွဲခြားဖို့ခက်တာကြောင့် သူ့အနေနဲ့ တယောက်ထဲ မဖမ်းရဲပဲ အပေါင်းအသင်းတွေနဲ့သာ ဖမ်းလေ့ရှိပါတယ်။ လူကြီးတွေကတော့ မြွေ၊ဖား၊ကြွက် အကောင်စုံမရွေးပဲ ဖမ်းနိုင်တာကြောင့် သူတို့ခလေးတွေထက် ပိုက်ဆံပိုရှာနိုင်ပါတယ်။
သူတို့လို ခလေးတွေကတော့ လမ်းထဲ၊ ရပ်ကွက်ထဲ၊ အမှိုက်ပုံထဲက တွေ့သမျှအကောင်စုံကို အသားဒိုင်စီမှာ ပိဿချိန်နဲ့ သွင်းပြီးရောင်းစားကြပါတယ်။ ခွေးသေကောင်၊ ကြောင်သေ၊ မြွေ၊ ကြွက်၊ ဖား၊ ကင်းလိပ်ချော၊ ပုတ်သင်ညို အကောင်စုံ၊ ဆိုဒ်စုံကို အသားဒိုင်က ပြိဿဈေးနဲ့ ဈေးဖြတ်ဝယ်ယူလေ့ရှိပါတယ်။ ဒီအသားစုံကို ဘယ်မှာသုံးလဲဆိုတာ သူတို့သေချာမသိပေမယ့် လာဝယ်တဲ့ အဝယ်တော်ကြီးကတော့ စက်ရုံကိုပြန်သွင်းတယ်ဆိုတာ သေချာပါတယ်။

အသားတုစက်ရုံလို့သိထားပြီး ဒီစက်ရုံက ဈေးကွက်တွင်းမှာ လူအများနှစ်နှစ်ခြိုက်ခြိုက်စားသုံးနေကြတဲ့ ကိုရီးယားအသားတုနဲ့ အခြားသော တရုတ်စာတံဆိပ်ရိုက်နှိပ်ထားတဲ့ အသားတုချောင်းများကို ပြန်လည်ထုတ်လုပ်ကြတယ်လို့ဆိုကြပါတယ်။ ဘယ်လိုပင်ဖြစ်ပါစေ။ သူတို့လို အကောင်ပလောင် ဖမ်းပြီးအိမ်ရဲ့ စားဝတ်နေရေးကို ကူညီပေးနေတဲ့ ကလေးတွေအတွက် ဒီလိုဈေးကွက်ရှိနေတာဟာ ကျေနပ်စရာပါပဲ။ တဝမ်းတခါးအတွက် လောကကြီးက ဖန်တီးပေးထားတဲ့ ပတ်ဝန်းကျင်ဟာ သူတို့အတွက်ကျေနပ်စရာပါပဲ။ အမှိုက်ပုံကြီးတွေနဲ့ မြောင်းပုပ်နံ့တွေက သူတို့လေးတွေအတွက် အကောင်းဆုံး ဘုံဗိမ္မာန်ကြီးတခုပါပဲ

ဈေးကွက်ထဲက ဘာအသားမှန်း ခွဲခြားလို့မရနိုင်တဲ့ အသားတုပေါင်းများစွာအတွက် သူတို့ဟာ အဓိက ကုန်ကြမ်းရှာ နောက်ခံမင်းသားတွေဖြစ်ပါတယ်။ သူတို့မိသားစုတွေရဲ့ စားဝတ်နေရေးအတွက် ဒီလိုဖြေရှင်းကြရပေမယ့် ဈေးကွက်ထဲမှာ ပြန့်နှံ့သွားတဲ့ အသားပေါင်းစုံရဲ့ သံသရာစက်ဝန်းကြီးကတော့ လှပစွာ လှည်ပတ်နေဆဲ ဖြစ်ပါတော့တယ်။

Comments

Popular posts from this blog

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)