သရုပ်ဆောင် သင်ဇာဝင့်ကျော် သို့ တရားဝင်မေတ္တာရပ်ခံခြင်း ဆိုတဲ့ စာတစ်စောင်

သို့/ ရုပ်ရှင်သရုပ်ဆောင်မသဉ္ဖာဝံ့ကျော်သို့ တရားဝင်မေတ္တာရပ်ခံခြင်း မသဉ္ဖာ ဝံ့ကျော်ရဲ့ အင်တာဗျူးအဖြေကိုမြန်မာနိုင်ငံမှ fb usersမြောက်များစွာကြည့်ရှုဖတ်ကြရပါတယ် မသဉ္ဖာဝံကျော်ရဲ့အဖြေမှာ ဒီမိုကရေစီနိုင်ငံမို့လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိပါတယ်ဆိုတဲ့အဖြေကိုကျနော်ကြားလိုက်ရပါတယ် Democracy ဆိုတာ Responsibility ဆိုတဲ့ တာဝန်ယူမှုနဲ့တွဲထားရပါတယ် Democracy ဆိုတာ Responsibility ဆိုတဲ့ တာဝန်ယူမှုနဲ့တွဲမထားရင် Mobocracy ဆိုတဲ့ ဘက်ကိုကူးပြောင်းသွားတတ်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကိုအခြေခံတည်ဆောက်ထားသော ဗုဒ္ဓဝါဒကို သက်ဝင်ယုံကြည်သူအများစုနေထိုင်ရာနိုင်ငံဖြစ်ပါတယ် ကျနော်တို့ဗုဒ္ဓဘာသာဟာဟိရိသြတတ္ပတရားကိုလက်ကိုင်ထားသောနိုင်ငံဖြစ်ပါတယ် နိုင်ငံတိုင်းမှာ သု့လူမျိုးဓလေ့ထုံးစံယဉ်ကျေးမှုဆိုတာရှိပါတယ် အစ္စလာမ် နိုင်ငံတွေမှာ သု့ဘာသာအဆုံးအမအရကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ သတ်မှတ်ထားတဲ့ဘူရ်ခါ လို အနဲဆုံး မလေးရှားလို အမျိုးသမီးဓလေ့ထုံးစံအရ international ဘောလုံးပြိုင်ပွဲကျင်းပနေစဉ်မှာကိုပဲ အစ္စလာမ်အမျိုးသမီးတွေဟာ ခေါင်းမြီးခြုံနဲ့ကန်ကြရပါတယ်။
ဒါကသူ့နိုင်ငံ ယဉ်ကျေးမှုကိုလိုက်နာရတာပါ။အခုလည်း အမက မြန်မာအမျိုးသမီးစစ်စစ် မြန်မာပြည်ပွား မြန်မာနိုင်ငံမှာနေထိုင်သူ အမျိုးသမီးတယောက်အနေနဲ့. မြန်မာ့ယဉ်ကျေးမှုကို ထိမ်းသိမ်းဝတ်စားသင့်ပါတယ် ။
အထူးသဖြင့် သာမာန်မြန်မာအမျိုးသမီးတယောက်ကယခုလိုဝတ်စားဆင်ယင်မှုအတွက် ကျန်မြန်မာ အမျိုးသမီးများကိုများစွာမထိခိုက်နိုင်သော်လည်း အမလိုမြန်မာနိုင်ငံကျော် ရုပ်ရှင်မင်းသမီးတယောက်အတွက် မြန်မာအမျိုးသမီးမျိုးဆက်သစ်တွေရဲ့နမုနာယူစရာ လမ်းပြ စံပြဖြစ်နေသည့်အတွက်ကြောင့် ရုပ်ရှင်သရုပ်ဆောင်မင်းသမီးအတွက်ဝတ်စားဆင်ယင်မှုကမြန်မာအမျိုးသမီးထုအတွက်အမအနေနဲ့တာဝန်ယူစရာလိုဖြစ်နေပြိး သိပ်ကိုအရေးကြီးနေပါတယ် ။
အမတို့အနုပညာရှင်တွေအမြဲပြောတတ်သောစကားတခွန်းရှိပါတယ် အနုပညာရှင်ဖြစ်သွားရင် အနုပညာရှင်ဟာ သု့ကိုယ်သူမပိုင်တော့ပါဆိုသော စကားပင်ဖြစ်ပါတယ်။ဒီစကားဟာသွေးထွက်အောင်မှန်ကန်သောစကားဖြစ်ပါတယ်။ဒီစကားဟာ ရုပ်ရှင်ကြည့်ပြည်သုပရိတ်သတ်ရဲ့လက်ခုပ်သံရဖို့သက်သက်စကားမဟုတ်ပါ ။
နိုင်ငံတိုင်းမှာ အနုပညာလက်နက်အစွမ်းက အရမ်းကိုကြီးမားပါတယ် နိုင်ငံတိုင်းမှာပြည်သူတွေဟာ ရုပ်ရှင် ဂီတ သဘင် အစရှိသော နာမည်ကြီးသော အနုပညာရှင်တို့၏ အပြုမူအပြောအဆို ဝတ်စားဆင်ယဉ်မှုများကိုအတုခိုးကြပါတယ် ။
အကယ်၍အမသည် အမေရိကားမှ ဥရောပမှ ရုပ်ရှင်မင်းသမီးဖြစ်နေခဲ့ပါက သု့နိုင်ငံသူ့ယဉ်ကျေးမှု သူ့ဓလေ့ထုံးစံအရ မည်သို့မျှအကြံပေးစရါလိုမည်မဟုတ်ပဲ အမသည်မြန်မာပြည်ဖွားမြနိမာအမျိုးသမီးထုပရိတ်သတ်အတုယူစရာ အနုပညာStar တယောက်ဖြစ်နေသည့်အတွက် အမရဲ့ဝတ်စားဆင်ယင်မှု ကိုNew Generation Teenagers အမျိုးသမီးငယ်များအတုခိုးမည်စိုးရပါတယ်
ထို့ကြောင့် အမဖြေကြားသွားသော ဒီမိုကရေစီတိုင်းပြည်ပဲလေ ဆိုသောအဖြေသည်လုံလောကိမှုမရှိပဲ အမသည် ပြည်သူုပြည်သားများလေးစားအထင်ကြီးအာရုံစိုက်ရာ ရုပ်ရှင်မင်းသမီးဖြစ်နေသည်အတွက်ကြောင့် မြန်မာအမျိုးသမီးထုရဲ့ မှားယွငှ်းသောအတုခိုးမှု ဗုဒ္ဓမြတ်စွာထားခဲ့သော ဟိရိသြတပ္ပတရားတို့အတွက် မြန်မာအမျိုးသမီးတယောက်ရဲ့ရိုးရာ ယဉ်ကျေးမှုတို့အတွက် များစွာ တာဝန်ယူထားရသောများစွာ Responsible ဖြစ်နေသော အနုပညာကြယ်ပွင့်ဖြစ်နေပါတယ်။
အမဘက်က ပြောစရာရှိပါတယ်။ဒီမိုကရေစီပဲ ခရိုအေးရှားသမ္မတတောင်ဘီကီနီနဲ့public မှာနေသေးတာပဲ ဟုတိကဲ့ပါအမ အဲလိုယဉ်ကျေးမှု ရှိတဲ့တိုင့်းပြည်မှာနေလျှင် အမကြိုက်သလိုနေနိုင်ပါတယ် အမ ပုံတွေအမနိုင်ငံခြားအလည်သွားစဉ်ကပုံတွေများစွာပြည်သူတွေမြငိဘူးကြပါတယ် ဘာမှမပြောလိုပါ အဲလိုယဉ်ကျေးမှုရှိတဲ့ တိုင်းပြည်မှာရှိနေသောကြောင့်ဖြစ်ပါတယ်။
ယခုအမပြုမုလိုက်သော အခြေအနေမှာ မြန်မာပြည်တွင်းဖြစ်နေသောကြောင့်မြန်မာမိန်းကလေးများ အတုခိုးမှားမည်စိုးရပါသောကြောင့်မြန်မာပြည်သူ အမျိုးသမီးထုရဲ့စံပြမင့်းသမီးတယောက်အနေဖြင့်ဆင်ဆင်ခြင်ခြင်ဝတ်စားဆင်ယင်သင့်ပါကြောင်း မေတ္တာရှေ့ထားအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာ….။ အမမကျေနပ်မှုရှိပါကတရားစွဲနိုင်ပါတယ်။
#တေးသံရှင်သူရ MusicCrazy

Comments

Popular posts from this blog

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)