အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်


ရုရှားသမ္မတပူတင်ကိုယ်တိုင် ထုတ် ဖော်ပြောကြားထားခဲ့တဲ့ အိမ်ထောင်ပြု သွားမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက စိတ်ဝင် စားမှုတွေ များပြားနေခဲ့တာဖြစ်ပါတယ်။

သမ္မတပူတင်ရဲ့ တရားဝင်ပြောရေးဆိုခွင့် ရှိသူရဲ့ပြောပြချက်အရလည်း သမ္မတ ပူတင်က သူရဲ့မင်္ဂလာပွဲကို နီးစပ်သူတွေ နဲ့သာ အကျဉ်းချုံးပြီး တိတ်တဆိတ် ကျင်းပသွားဖွယ်ရှိနေတယ်လို့ ရုရှားသ တင်းတွေမှာ ဖော်ပြလာခဲ့ကြပါတယ်။၁၉၈၃ ခုနှစ်မှာ သမ္မတပူတင်က လုဒ်မီလာ ပူတီနာနဲ့ အိမ်ထောင်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ကွာရှင်းပြတ်စဲထားခဲ့တာဖြစ် ပါတယ်။ မိသားစုနဲ့ ချစ်ရေးချစ်ရာ အကြောင်းကို အမြဲတစေလျှို့ဝှက်ထားခဲ့ သူဖြစ်ပြီး သမ္မတပူတင်မှာ အသက် ၃၀ အရွယ် ကက်သရီနာနဲ့ မာရီယာဆိုတဲ့ သမီးနှစ်ဦးရှိတယ်ဆိုတဲ့ အကြောင်းကို တောင်မှ လူသိနည်းပါတယ်။ သမ္မတပူ တင်အနေနဲ့ သူရဲ့အိမ်ထောင်ရေးအခြေ အနေက သူရဲ့သမ္မတတာဝန်တွေကို အ နှောင့်အယှက်ဖြစ်စေမှာမဟုတ်ဘူးလို့ သမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စ တာပက်စကော့ဗ်က ပြောကြားခဲ့တာ ဖြစ် ပါတယ်။

သမ္မတပူတင် အိမ်ထောင်ပြုပြု၊ မပြုပြု၊ သူရဲ့တာဝန်တွေကိုတော့ ဘယ် နည်းနဲ့မျှ ထိခိုက်သွားစေမှာမဟုတ်ဘူး လို့ မစ္စတာပက်စကော့ဗ်ရဲ့ဖြေကြားချက် အရ သမ္မတပူတင်အနေနဲ့ ပြောဆိုထားခဲ့ ဖူးတဲ့ သူရဲ့မင်္ဂလာပွဲဆိုတာကို လူသိရှင် ကြားမဟုတ်ဘဲ နီးစပ်ရာနဲ့သာ တိတ် တဆိတ်လျှို့ဝှက်ကျင်းပသွားမယ်ဆိုပြီး အရိပ်အမြွက်ပါရှိနေတာလို့ သတင်းတွေ မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သမ္မတပူ တင်ရဲ့ချစ်သူမိန်းကလေးက အိုလံပစ်ရွှေ တံဆိပ်ဆုရှင်ဖြစ်ခဲ့ဖူးပြီး လက်ရှိမှာ မော် စကိုအခြေစိုက်မီဒီယာကုမ္ပဏီအကြီးအကဲဖြစ်လာသူ အလီနာကာဘေဗာဆိုသူ ဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့ဖူးပြီး ယခုလက်ထပ်သွားမယ်ဆိုတဲ့အမျိုးသမီး ကလည်း သူပဲဖြစ်မယ်လို့ ခန့်မှန်းပြောဆို နေကြပါတယ်။
The News Today

Comments

Popular posts from this blog

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)