မော်​လမြိုင်​က​ဖျော်​​ဖြေပွဲတခုမှာ ​ရွှေထူး​ရောက်​မလာတာကြာင့်​ ​ရွှေထူးအစား အဆို​တော်​များစွာ ပိုပင်​ပန်းခဲ့ရတဲ့အကြောင်း ဖွင့်ဟလာတဲ့ အိမ့်ချစ်


နိုင်​ငံ​ကျော်​အဆို​တော်​တစ်​ဦးဖြစ်​တဲ့ အိမ့်​ချစ်​ဟာ အဆို​တော်​ကြီး ချစ်​​ကောင်းရဲ့သမီးဖြစ်​ပါတယ်​။ အိမ့်​ချစ်​ဟာ ဖခင်​​ခြေရာကို အပြည့်​အဝနင်းနိုင်​သူဖြစ်​ပြီး ချစ်​​ကောင်းလိုပဲ အနုပညာ​လောကမှာ ​အောင်​မြင်​​နေတဲ့အနုပညာရှင်​တစ်​ဦးဖြစ်​ပါတယ်​။ အိမ့်​ချစ်​ကို အား​ပေးကြတဲ့ ပရိသတ်​​တွေကလဲ မြန်​မာနိုင်​ငံအနှံ့အပြားမှာ အများအပြား ရှိ​နေတာပဲဖြစ်​ပါတယ်​။
အိမ့်​ချစ်​ဟာ တစ်​ကိုယ်​​တော်​ဘအ​ခွေ​ပေါင်းများစွာကိုလဲ ​ထုတ်​လုပ်​နိုင်​ခဲ့ပြီး အနုပညာလုပ်​ငန်း​တွေကိုလဲဆက်​တိုက်​ဆိုသလို လုပ်​ကိုင်​​နေတာပဲဖြစ်​ပါတယ်​။ အခုလို ခရစ်​စမတ်​နဲ့ နယူးရီးယားကာလ​တွေမှာလဲ အိမ့်​ချစ်​က နယ်​မြို့​တွေမှာ ရှိုးပွဲ​တွေ ဆက်​တိုက်​ဆိုသလို သွား​ရောက်​​ဖျော်​​ဖြေ​ပေး​နေရတာပဲဖြစ်​ပါတယ်​။ဒီဇင်​ဘာလ(၂၅)ရက်​​နေ့က ​မော်​လမြိုင်​မြို့မှာ ကျင်းပခဲ့တဲ့ “The Evolution” ရှိုးပွဲကြီးမှာ အိမ့်​ချစ်​လဲ ပါဝင်​​ဖျော်​​ဖြေခဲ့ပါတယ်​။ အိမ့်​ချစ်​ဟာ အဲ့ဒီ ​မော်​လမြိုင်​မြို့က ရှိုးပွဲကြီးမှာဖြစ်​ခဲ့တဲ့ အမှတ်​တရဖြစ်​ခဲ့တဲ့ အဖြစ်​အပျက်​ကို ပရိသတ်​​တွေအတွက်​ မျှ​ဝေ​ပေးလိုက်​ပါတယ်​။
“မနေ့က အသားကုန်ဆိုရတဲ့ပွဲပဲ..၄၅ မိနစ်တောင်ဆိုတာ နည်းနည်းနောနောလား.?တစ်စုံတစ်ယောက်ရောက်မလာနိုင်တာကြောင့် မနေ့က သူ့အစားအဆိုတော်တွေ အားလုံး တစ်ယောက်ကို ၁၀ပုဒ် ၁၁ပုဒ်လောက်စီဆိုခဲ့ရပေမယ့် တစ်ချက်လေးတောင်ငြိမ်မသွားပဲ အဆိုတော်အားလုံးကိုအားပေးခဲ့တဲ့ မော်လမြိုင်ပရိတ်သတ်ကြီး..ချက်ချင်းစီစဥိပြီးလှမ်းခေါ်ရတဲ့ special guest ကိုအချိန်မီစေဖို့ အဆိုတော်တွေအကုန်တစ်ယောက် ၄၅မိနစ်ဖျော်ဖြေကြတာကို မညဉ်းမငြူ အားပေးခဲ့ကြတဲ့မော်လမြိုင်ပရိတ်သတ်ကြီး​ကျေးဇူးအများကြီးတင်ပါတယ်။ဒီလိုချစ်စရာကောင်းတဲ့ပရိတ်သတ်တွေနဲ့ Christmas တိုင်းဆုံခွင့်ရအောင် စီစဉ်ပေးတဲ့ The Evolution အဖွဲ့သားများကိုလဲ ကျေးဇူးအထူးပါရှင့် ဆိုပြီး ​ပြောပြ​ပေးခဲ့ပါတယ်​။
အိမ့်​ချစ်​က​တော့ ​ရောက်​မလာခဲ့တဲ့အဆို​တော်​နာမည်​ကို ထုတ်​​ဖော်​​ပြောပြထားခြင်းမရှိပါဘူး။ထိုပွဲ​ကို အဆို​တော်​​ရွှေထူးက ​ရောက်​မလာတာလို့ ပရိသတ်​​တွေရဲ့ ​ပြောစကားများအရသိရပါတယ်​​။ ပရိသတ်​​တွေအတွက်​ ​စေတနာထားပြီး ​ဖျော်​​ဖြေ​ပေးခဲ့တဲ့ အိမ့်​ချစ်​က​တော့ တကယ့်​ကို အနုပညာရှင်​​ကောင်းတစ်​​ယောက်​ပါပဲ။ ​မော်​လမြိုင်​က ပရိသတ်​​တွေရဲ့ အား​ပေးမှုက​လဲ ​လေးစားအံ့သြစရာပါပဲ​နော်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ ပရိသတ်​ကြီးကို ​ကျေးဇူးအထူးတင်​ရှိပါတယ်​။

Comments

Popular posts from this blog

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)