တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)



လူမြင်ကွင်းမှာ လူသတ်မှုကျူးလွန်ခဲ့တဲ့သားအဖနှစ်ဦးအကြောင်း အိမ်နီးချင်းမျက်မြင်သက်သေတွေပြောပြသမျှ
“အလောင်းတွေနားမှာ ထမင်းရပ်စားနေသေးတယ်”
လူမြင်ကွင်းမှာ လူသတ်မှုကျူးလွန်ခဲ့တဲ့သားအဖနှစ်ဦးအကြောင်း အိမ်နီးချင်းမျက်မြင်သက်သေတွေပြောပြသမျှ
လူမြင်ကွင်းမှာ လင်မယားနှစ်ယောက်ကိုရိုက်သတ်ခဲ့တဲ့ သားအဖနှစ်ဦးဟာ ဘေးပတ်ဝန်းကျင် အိမ်နီးနားချင်းတွေနဲ့ အခေါ်အပြောသိပ်မရှိဘူးလို့ ရပ်ကွက်နေတစ်ဦးဖြစ်တဲ့ မမော်ကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က တောင်ငူမြို့နယ် ကေတုမတီမြို့သစ်မှာ ဖြစ်ပွားခဲ့တဲ့လူသတ်မှုဟာ မြေဂရမ်ကိစ္စနဲ့ပတ်သက်ပြီး မှတ်ပုံတင်မိတ္တူလာတောင်းရာကနေ ရန်ဖြစ်စကားများကြတာလို့သိရပါတယ်။
လူသတ်မှုကျူးလွန်ခဲ့တဲ့ သားအဖနှစ်ဟာ ကေတုမတီမြို့သစ်က မင်းကြီးဆွေရပ်ကွက်မှာ နေထိုင်တာပါ။တပ်ပင်စင်စားတစ်ဦးဖြစ်တဲ့ ဦးတိုးကြည်ဟာ သားသုံးယောက်ရှိကြပြီး ၈ တန်းကျောင်းသူ မြေးမငယ်တစ်ဦးလည်း ရှိပါတယ်။
အသတ်ခံရတဲ့လင်မယားကို လျှပ်စစ်မီးတိုင်ကကြွေသီးနဲ့ မသေမချင်း ထုနှက်ရိုက်သတ်ခဲ့တဲ့ ဦးရဲဝင်းကတော့ အိမ်မှာမယ်မယ်ရရ ဘာအလုပ်မှမလုပ်ဘူးလို့လည်း ပတ်ဝန်းကျင်တွေက ပြောကြပါတယ်။
ဦးရဲဝင်းရဲ့ညီတစ်ယောက်က တပ်မတော်မှာ တာဝန်ထမ်းဆောင်နေပြီး အငယ်ဆုံးညီကတော့ စက်ဘီးခိုးမှုနဲ့ ထောင်ကျခဲ့ဖူးတယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီ ၂၁ ရက် မနက်က ရန်ကုန်ကနေလာတဲ့ တပ်မတော်အငြိမ်းစား ဗိုလ်မှူးဖြစ်သူတို့ လင်မယားဟာ မြေဂရမ်ကိစ္စအတွက် ကေတုမတီမြို့သစ်က ဦးတိုးကြည်တို့နေထိုင်တဲ့ အိမ်ကိုရောက်လာခဲ့တာပါ။
ဖြစ်စဉ်အစဆုံး မျက်မြင်ဖြစ်တဲ့ မမော်က အခုလိုရှင်းပြပါတယ်။မမော်က အဲ့လိုဝိုင်းဖြန်ဖြေပေးပေမယ့် သူ့ကိုပါ ပြန်ရန်ပြုတဲ့အတွက် ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ပေမယ့် ပတ်ဝန်းကျင်ကလူတွေကတော့ ဒီအတိုင်းပဲရပ်ကြည့်နေကြတယ်လို့ ဆိုပါတယ်။
ဒီလိုလူနှစ်ယောက်ကိုသတ်ပြီးတဲ့နောက်မှာတော့ ဦးရဲဝင်းက အိမ်ထဲဝင်ပြီး ထမင်းတောင်စားလိုက်သေးတယ်လို့ဆိုပါတယ်။အခင်းဖြစ်တဲ့နေရာက အိမ်းနီးနားချင်းဖြစ်သူတွေကလည်း သူတို့မြင်တွေ့ရတာကို ခုလိုပဲပြန်ပြောပြပါတယ်။
ဒဏ်ရာတွေကြောင့် လင်မယားနှစ်ယောက် သေဆုံးသွားပြီး သမီးဖြစ်သူလည်း ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ရုပ်သံသတင်းထောက် – စောအောင်မင်းဦး – 7Day


Comments

Popular posts from this blog

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်