၂၂ ကြိမ်မြောက် အောင်ဘာလေသိန်းဆုအတွက် ပေါက်မဲဆု ၁၂၀၀ ကျော်တိုးမြှင့်မည်

၂၂ ကြိမ်မြောက် အောင်ဘာလေသိန်းဆုအတွက် ပေါက်မဲဆု ၁၂၀၀ ကျော်တိုးမြှင့်မည်
၂၂ ကြိမ်မြောက် အောင်ဘာလေသိန်းဆုအတွက် လက်မှတ်စောင်ရေ ၄၅၉သိန်း နီးပါးရောင်းချထားပြီး (၂၁) ကြိမ်မြောက်ထက် ဆုမဲ ၁၂၀၀ ကျော် တိုးမြှင့်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆု ဌာနခွဲမှတဆင့် သိရသည်။
ဇန်နဝါရီ ၁ ရက်တွင် ကျင်းပမည့် ၂၂ ကြိမ်မြောက် ကျပ်၅ဝဝတန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ရောင်းချသည့် အက္ခရာမှာ ၅၁ လုံး ဖြစ်ပြီး ထီစာအုပ် ၄၁၇၂၇၁၈ အုပ် ရောင်းရကာ ထီစောင်ရေ ၄၅၈၉၉၈၉၈ စောင် ရောင်းချရကြောင်း သိရသည်။
အဆိုပါ ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်းပေါင်း ၂၀၈၆၃ ဒဿမ ၅၉ ဖြစ်ပြီး ယင်း၏ ၆ဝရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်းပေါင်း ၁၂၅၁၈ ဒဿမ ၁၅၄ အား ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည် ဖြစ်သည်။
ပေါက်မဲဆုအရေအတွက်အနေဖြင့် ၁၃၅၄၄၀ ဆုရှိကာ ယခင် (၂၁) ကြိမ်မြောက်၏ အရေအတွက်ထက် ၁၂၂၆ ဆု ပိုမိုချီး မြှင့်လာနိုင်ခြင်းဖြစ်ပြီး ဆုကြီးအနေဖြင့် ကျပ် သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၃၀၀ တစ်ဆုနှင့် ကျပ် သိန်း ၁၀၀ နှစ်ဆု ပိုလာခြင်း ဖြစ်သည်။
ထို့ပြင် ကျပ်သိန်း တစ်သောင်းခွဲ ဆုချီးမြှင့်မည့် ကျပ်တစ်ထောင်တန် အောင်ဘာလေ သိန်းထီလက်မှတ်များအား လာမည့်နှစ်ဖေဖော်ဝါရီတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်သည်။
#Eleven Meida Group

Comments

Popular posts from this blog

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)