Valentine’s Day မှာအပြင်သွားရင် မှတ်ပုံတင်ယူသွားဖို့ ပြောလိုက်တဲ့ စူးရှထက်

ပုရိသတွေကြွေစေလောက်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ညို့အားပြင်းတဲ့ ပုံရိပ်တွေကြောင့် ဝေဖန်မှုတွေကို ခံရသလို အားပေးမှုကိုလည်း ခံနေရတဲ့ မော်ဒယ်လ် စူးရှထက်ကတော့ အခုလာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ချစ်သူများနေ့မှာ အပြင်သွားရင် မှတ်ပုံတင်ယူသွားဖို့ကို Sunday Journal ရဲ့ အင်တာဗျူးကနေတစ်ဆင့် ပြောလိုက်ပါတယ်။

စူးရှထက်က “Fanတွေ တော်တော်များများက အားလည်း ပေးကြပါတယ်။ ဒါပေမဲ့လေ အပြင်မှာ တွေ့သွားရင် ပိုပြီးတော့ ချစ်လည်း ချစ်ကြတယ်။ ပိုပြီးတော့လည်း အားလည်း ပေးကြပါတယ်။ အပြင်မှာ တွေ့လိုက်ရင် ဟာ… သူက ဒီလိုပါလား။ ဆိုပြီးတော့ အားပေးတဲ့ သူတွေလည်း တော်တော်များတယ်။”လို့ ပြောသွားခဲ့ပါတယ်။
ခွဲစိတ်ပြုပြင်တာနဲ့ ပတ်သက်ပြီးတော့လည်း စူးရှထက်က “ညီမပြောပါတယ်။ ပိုက်ဆံလည်းမရှိဘူးပေါ့နော် လှလည်း လှချင်တယ်။ သူများတွေကို မြင်ပြီး အားကျတယ် ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးက လှကြတယ်လေ။ ကိုယ်ခွဲစိတ်ပြုပြင်ထားရင် မလိမ်ချင်ဘူးလေ။ ကိုယ်လုပ်ပြီးသွားတော့မှ မလုပ်ဖူးလို့ ပြောပြီးတော့မှ သိသွားတဲ့ အရာကြီးကျတော့ ညီမ လက်မခံဘူးရှင့်။ အဲ့တာကြောင့် ညီမရင်ခွဲစိတ်ထားတယ် မျက်ရစ်ခွဲထားတယ်။ နောက်ထပ် လုပ်ဖို့တွေလည်း ရှိပါတယ်။ ညီမနှခေါင်းလေး ပြင်ချင်တယ်ရှင့် ပိုပြီးချွန်ချင်တာ ဘိုဆန်ချင်တာ။”လို့ ပြောသွားခဲ့ပါတယ်။
ရင်သားကို ဝေဖန်ကြတာနဲ့ ပတ်သက်ပြီး “သူတို့ဝေဖန်တာက ညီမပျော်လည်း ပျော်တယ်ပေါ့နော်။ အမြဲတမ်း စူးရှထက်ပေါ့နော်။ ကချင်ပြည်နယ်နဲ့ ဘာဆိုလားမသိဘူး အဲ့လို Troll ကြတယ်။ ဒါပေမဲ့ ညီမ ဘယ်လိုမှမဖြစ်ပါဘူး။ ခွဲစိတ်ပြုပြင်တာ အစဆိုတော့လေ နည်းနည်းပုံမကျတာလေးတော့ ရှိမှာပါ အခုနောက်ပိုင်းကျရင်တော့ ပုံကြလာမှာပါ။ “လို့ ပြောခဲ့ပါတယ်။
အချစ်အကြောင်းကို မေးမြန်းရာ “အချစ်ရေးလား မရှိဘူး တစ်ယောက်တည်းပဲ စိတ်ညစ်လို့ မထားဘူး။”လို့ ပြောခဲ့ပြီး Valentine’s Day မှာ ဘာအစီအစဉ်တွေ ရှိလဲလို့ မေးမြန်းရာ “ဘာအစီအစဉ်မှ မရှိဘူး။ ညီမ ဖေဖော်ဝါရီ ၁၄ တော့မသိဘူး။ ပြည်ထောင်စုနေ့ ၁၂ ရက်နေ့ကျရင်တော့ ညီမတစ်လမ်းလုံးကို ထမင်းကျွေးဖို့အတွက် စုဗူးစုထားတယ်။ နှစ်တိုင်းလှူပါတယ်။ ချစ်သူများနေ့ Valentine’s Day ၁၄ ရက်နေ့မှာ လျှောက်မသွားကြပါနဲ့ အိမ်မှာ နေကြလို့ အပြင်ထွက်ရင်လည်း မှတ်ပုံတင်လေး ယူသွားကြလို့။”လို့ အရွှန်းဖောက်ပြီး ပြောခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း စူးရှထက်က “ညီမ အလုပ်လုပ်တယ် အိမ်ကို ရှာကျွေးတယ်။ ညီမလည်း အနုပညာလုပ်နေတော့ ဝတ်သင့်ဝတ်ထိုက်တာလေးတွေ လှသင့်လှထိုက်တာလေးတွေ သူများလောက်တော့ အရမ်းကြီး မလုပ်နိုင်သေးဘူးပေါ့နော်။ တစ်ယောက်တည်းရုန်းကန်နေရတာဆိုတော့ ညီမမိဘကို ပေးတယ်။ ညီမလည်း ပြင်သင့်တဲ့နေရာလေးတွေ ပြင်တယ်။ ပြီးရင် စုပြီးတော့ လှူတယ်ရှင့်။ လူဆိုတာ နေရာတစ်ခု ရောက်ချိန်တန်ရင် ရောက်လာမှာပဲ ဘယ်အကြောင်း အမျိုးမျိုးကြောင့်နဲ့မှတော့ မဆိုင်ပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။
Credit

Comments

Popular posts from this blog

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)