သင်မသိသေးတဲ့ ဆားရဲ့အံ့မခန်း အသုံးဝင်ပုံ (၁၀) မျိုး



ဆားဟာ ဟင်းကောင်းတစ်ခွက်ရရုံသာ စွမ်းဆောင်နိုင်တာ မဟုတ်ပါဘူး။ သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက်ပါ အထူး အသုံးဝင်တဲ့ ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ဆားကို ဘယ်လိုနေရာတွေမှာ ဘယ်လိုအကျိုးရှိရှိ အသုံးပြုနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(1)- ချိုးတွေကိုဖယ်ရှားနိုင်တယ်

ဟင်းအိုး တူးသွားတဲ့အခါတွေမှာပဲ ဖြစ်ဖြစ်၊ သုံးတာကြာလို့ပဲ ဖြစ်ဖြစ် အိုးတွေမှာ ကပ်နေတဲ့ ချိုးတွေကို ပန်းကန်ဆေးဆပ်ပြာထဲ ဆားအနည်းငယ် ထည့်ပြီး ပွတ်ဆေးပေးလိုက်ရုံနဲ့ ပြောင်လက်သွားမှာပါ။
(2)- စဉ့်တုံးကို သန့်ရှင်းစေတယ်

သုံးတာကြာသွားလို့ စဉ့်တုံးက မည်းလာတဲ့အခါမှာ ဆားဖြူးပြီး သံပုရာခြမ်းလေးနဲ့ ပွတ်ပေးလိုက်ရုံနဲ့ အသစ်အတိုင်းသန့်ရှင်းသွားစေပါတယ်။
(3)- ဖန်ပေါ်က အစွန်းတွေ ချွတ်ပေးတယ်

ဖန်မှာစွန်းနေတဲ့ အဝါကွက်တွေနဲ့ အစွန်းကွက်တွေကို ဆားအနည်းငယ်နဲ့ ရေရောပြီးခလောက်ပေးကာ ဆပ်ပြာနဲ့ပြန်လည် ဆေးကြောပေးလိုက်ရင် သန့်ရှင်းတောက်ပြောင်စေပါတယ်။
(4)- မျက်နှာဂျီးချွတ်ပေးနိုင်တယ်

ဆားအနည်းငယ်ကိုယူပြီး ထောပတ်နှင့် (၁ အချိုး ၂) ရောပေးကာ မျက်နှာကို ညင်ညင်သာသာ ပွတ်လိမ်းပေးကာ (၅) မိနစ်အကြာမှာ ရေဆေးပေးခြင်းဖြင့် မျက်နှာကို အတွင်းပိုင်းအထိ သန့်စင်စေပါတယ်။
(5)- ချိစ်တွေကိုမှိုမတက်အောင် ကာကွယ်ပေးတယ်

ချိစ်တွေကို မှိုမတက်အောင်လို့ ဆားကိုရေနဲ့ဖျော်ပြီး ချိစ်အပြင်ပိုင်းတွေကို သုတ်လိမ်းပေးခြင်းဖြင့် မှိုမတက်အောင် ကာကွယ်ပေးပါတယ်။
(6)- ကြွေပြားတွေကို သန့်စင်စေတယ်

ဆပ်ပြာရည်ထဲကို ဆားထည့်ပြီး ကြွေပြားတွေကို ဆေးကြောသန့်စင်ပေးခြင်းဖြင့် အသစ်အတိုင်း တောက်ပသစ်လွင်နေစေပါတယ်။
(7)- ခြေထောက်စိမ်နိုင်တယ်

ရေနွေးထဲကို ဆားအနည်းငယ်ထည့်ပြီး ရေအေးသွားတဲ့အထိ ခြေထောက်ကိုစိမ်ပေးပါ။ အကြောတွေအားလုံးပြေသွားပြီး ညောင်းညာတာတွေ သက်သာစေပါတယ်။
(8)- ကော်ဖီချိုးတွေကို ဖယ်ရှားပေးတယ်

ကြွေခွက်တွေမှာ ကော်ဖီချိုးတွေကျန်နေတာတွေကို ဆားနဲ့ ရှာလကာရည်ဆတူရောပြီး ခွက်ထဲလောင်းထည့်ကာ တစ်နာရီခန့်ကြာတဲ့အခါမှာ ဆေးကြောပေးခြင်းဖြင့်၊ ကော်ဖီချိုးနှင့် လက်ဖက်ရည်ချိုးတွေကို ပြောင်စေပါတယ်။
(9)- ကော်ဖီအခါးကိုသက်သာစေတယ်

ကော်ဖီကအရမ်းခါးနေတဲ့အခါ ဆားအနည်းငယ်ဖြူးပေးခြင်းဖြင့် အခါးသက်သာစေပါတယ်။
(10)- အဖြူရောင်အဝတ်အထည်တွေကို ဖြူဖွေးစေတယ်

အဖြူရောင် အဝတ်အထည်တွေ လျှော်ဖွပ်တဲ့အခါ ဆားအနည်းငယ် ထည့်လျှော်ခြင်းဖြင့် ဖြူဖွေးတောက်ပနေစေပါတယ်။
Em Em
Credit-shwemom

Comments

Popular posts from this blog

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်