ဆီးဂိမ်းတွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်သည့် မြန်မာပြေးခုန်ပစ် ကစားသမားများကို အဖွဲ့ချုပ်က တိုက်ခန်းနှင့် ကားချီးမြှင့်မည်

အရှေ့တောင်အာရှ အားကစား (ဆီးဂိမ်း)ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် ကစားသမားများ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ပါက တိုက်ခန်းနှင့် ကားများ အပိုဆုချီးမြှင့်မည်ဟု ပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကျော် ထူးအောင်က ပြောသည်။

‘‘ပြေးခုန်ပစ်က မြန်မာပြည်တင် မဟုတ်ပါဘူး။ အိုလံပစ်ပြိုင်ပွဲမှာ အဓိကကျတဲ့ အားကစားနည်းပါ။ ပြေးခုန်ပစ်အခြေခံပိုင်မှ တခြားအားကစားနည်းကို ခွဲထွက်တာမျိုးပါ။

ဒါကြောင့် ပြေးခုန်ပစ် အားကစားနည်းကို ပိုအောင်မြင် လာစေချင်တယ်။ နောက်ပြီး လက်ရွေးစင်ကစားသမားတွေကိုလည်း ပိုကြိုးစားစေချင်တဲ့အပြင် အောင်မြင်မှုရခဲ့မယ်ဆိုလည်း သူတို့အတွက် ဘဝအာမခံချက်ရှိအောင် အခုလိုချီးမြှင့်ဖို့ဆုံးဖြတ်ခဲ့ တာပါ။

ကျွန်တော်တို့ ဥက္ကဋ္ဌဦးရှိန် ဝင်းက ဆီးဂိမ်းမှာရွှေရရင်တိုက် ခန်းပေးမယ်။ ဒုဥက္ကဋ္ဌဦးကျော် ကျော်ဦးက ကားတစ်စီးပေးဖို့ စီ စဉ်ခဲ့တာပါ’’ ဟု ဦးကျော်ထူးအောင်က ပြောသည်။ ထို့အပြင် ငွေတံဆိပ်၊ ကြေးတံဆိပ်ရခဲ့ပါကလည်း ဆုကြေးများထိုက် တန်စွာချီးမြှင့်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

အရှေ့တောင်အာရှအားက စားပြိုင်ပွဲကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည်ဖြစ် သည်။ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အနေဖြင့် ယင်းပြိုင်ပွဲအတွက် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် လူရွေးပွဲပြုလုပ်ပြီး ရွေးချယ်ခံရ သောကစားသမားများကို စခန်း သွင်းလေ့ကျင့်မည်ဖြစ်သည်။



မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့သည် ၂၀၁၇ မလေးရှားဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ဆုတံဆိပ်ဆွတ်ခူးနိုင်ခြင်း မရှိပေ။

Comments

Popular posts from this blog

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)