Facebook အရာရှိတွေကို Android ပဲသုံးခိုင်းလိုက်တဲ့ ဇူကာဘတ်

Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ဟာ သူ့ရဲ့ကုမ္ပဏီက စီမံခန့်ခွဲရေးအဆင့် ဝန်ထမ်းတွေကို Android ဖုန်းပဲ အသုံးပြုကြဖို့ ညွှန်ကြားလိုက်ပြီး အဆိုပါ မိုဘိုင်းစက်နှင်စနစ် (Operating System) က ကမ္ဘာအနှံ့မှာ သုံးစွဲသူ ပိုများလာလို့ ဆိုပြီး အကြောင်းပြချက် ပေးထားပါတယ်။
ဒါပေမယ့် အခြားမီဒီယာတွေရဲ့ အစီရင်ခံချက်အရတော့ ဒါဟာ လက်ရှိ Apple စီအီးအိုဖြစ်သူ တင်မ်ကွတ် နဲ့ ပုဂ္ဂိုလ်ရေးရန်စကြောင့် ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။ တင်မ်ကွတ်ဟာ အင်တာဗျူးတစ်ခုမှာ လူသားတွေရဲ့ နေ့စဉ်ဘဝကို အကြီးအကျယ် လွှမ်းမိုးနေတဲ့ ဆိုရှယ်နက်ဝပ်ကို လူတွေရဲ့ တစ်ကိုယ်ရေဘဝထဲမှ လမ်းကြောင်းပိတ်ဆို့မှု တစ်ခုအဖြစ် တင်စားခေါ်ဝေါ်ခဲ့ဖူးပါတယ်
မတ်လတုန်းကလည်း တင်မ်ကွတ်ဟာ ဇူကာဘတ်ရဲ့ အခက်အခဲတွေကို ဝေဖန်ခဲ့ဖူးပြီး ဇူကာဘတ်က အင်တာဗျူးတစ်ခုကနေ ပြန်လည် လှောင်ပြောင်ခဲ့ပါတယ်။ သူက တင်မ်ကွတ်ရဲ့ စကားတွေဟာ အခွံသက်သက် ဖြစ်ပြီးတော့ Apple ကုမ္ပဏီက သူတို့ ထုတ်ကုန်တွေကို တခြားပြိုင်ဘက်တွေထက် ဈေးပိုတင်ပြီး သုံးစွဲသူများအား ပိုမိုဂရုစိုက်သလို ထင်မြင်စေတာဟာ Stockholm Syndrome (မမြဝင်း စိတ်ရောဂါ) ဆန်လှတယ်လို့ ပြန်ခွပ်ခဲ့တာပါ။
တင်မ်ကွတ်ရဲ့ ပြောစကားတွေကြောင့် အခုလို Facebook ဝန်ထမ်းတွေကို အမိန့်ချမှတ်ခဲ့တာလား ဆိုတာ အတည်မပြုနိုင်သေးပေမယ့် Android ဖုန်းတွေကို ပြောင်းလဲသုံးစွဲဖို့ ညွှန်ကြားတာဟာလည်း သင့်လျှော်တဲ့ ကိစ္စတစ်ခုပါ။ ကုမ္ပဏီပေါင်းစုံက ထုတ်လုပ်နေတဲ့ Android တွေဟာ ဈေးနှုန်းမျိုးစုံ၊ အတန်းအစား မျိုးစုံနဲ့ ကမ္ဘာအနှံ့မှာ တကယ်ပဲ အကြီးမားဆုံး နေရာယူနေကြပါပြီ
The Verge မဂ္ဂဇင်းကတော့ Facebook အကြီးတန်းအရာရှိတွေရဲ့ တွစ်တာတွေကို စစ်ဆေးခဲ့တဲ့အခါ အခုချိန်ထိ အိုင်ဖုန်းကို သုံးစွဲနေတုန်း ဖြစ်တယ်ဆိုတာ တွေ့ခဲ့ရပြီး ဇူကာဘတ်ရဲ့ အမိန့်ကိုပဲ စတင်မကျင့်သုံးရ သေးတာလား၊ အိုင်ဖုန်းကို ခွဲခွာချင်စိတ်ပဲ မရှိကြတာလား ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။

Comments

Popular posts from this blog

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်