သမီးလေးကိုကျောပိုးပြီး ဧရာဝတီမြစ်ပြင်ကျယ်ထဲ ခုန်ဆင်းသွားသူအကြောင်းရင်းနဲ့ ဆုတောင်းပွဲတွေပြုလုပ်



မရီရီသန်းတစ်ယောက် အင်းဝတံတားပေါ်က ခုန်ချပျောက်ဆုံးသွားတဲ့ သမီးငယ်လေးနဲ့ ခင်ပွန်းအတွက် ဆုတောင်း နေတာပါ။

မရီရီသန်းဟာ လွန်ခဲ့တဲ့ နှစ်ရက်က အင်းဝတံတားပေါ်ကနေ ဧရာဝတီမြစ်ထဲ ခုန်ချသွားတဲ့ သားအဖနှစ်ဦးရဲ့ တစ်ဦး တည်းသော သွေးသားအရင်းအချာဖြစ်ပါတယ်။
ဇန်နဝါရီ ၂၇ ရက် မနက်က သားအဖနှစ်ယောက် ရုတ်တရက် ထွက်ခွာမသွားခင်အချိန်အထိ ဒီအိမ်လေးမှာပဲ မိသား စုအတူနေခဲ့ကြတာပါ။
ဒါကြောင့် လေးနှစ်အရွယ် သမီးလေးနဲ့ ခင်ပွန်းသည်ကို ဒီအိမ်လေးကနေပဲ မရီးသန်းတစ်ယောက် မျှော်လင့်ချက်နဲ့ စောင့်နေတာဖြစ်ပါတယ်။
တကယ်တော့ သားအဖနှစ်ယောက် ဧရာဝတီမြစ်ထဲခုန်ချသွားတဲ့နေ့ဟာ မျက်စိကင်ဆာဖြစ်နေတဲ့ သမီးလေးကို ခွဲ စိတ်ကုသရမယ့် နေ့လည်း ဖြစ်ပါတယ်။
မြစ်ထဲမှာ ကယ်ဆယ်ရေးအဖွဲ့ တွေရှာဖွေနေတာ ဇန်နဝါရီလ ၂၉ ရက်ဆိုရင် သုံးရက်မြောက်နေ့အထိ ကလေးကော ဖအေကိုပါ ပြန်လည်မတွေ့ခဲ့ရပါဘူး။
သမီးငယ်နဲ့ ခင်ပွန်းကို အတွက် မရီရီသန်းကတော့ ဘာသာရေး ယုံကြည်မှုအရ တတ်နိုင်သလောက်လုပ်ရင်း အကောင်းဆုံးကို မျှော်လင့်နေတာပါ။
အခုလည်း ဧရာဝတီမြစ်နဘေးနားမှာရှိတဲ့ ရွှေကြက်ကျဘုရားမှာ ကန့်တော့ပွဲပေးဆုတောင်းနေတာဖြစ်ပါတယ်။
သမီးငယ်လေး ခံစားနေရတဲ့ဝေဒနာအပေါ် စိုးရိမ်စိတ်များပြီး စိတ်ဂရောင်ခြောက်ခြားဖြစ်နဲ့ ဒီလိုမျိုးလုပ်သွားတယ်လို့ မရီရီသန်းက ကယုံကြည်နေပါတယ်။
စစ်ကိုင်းတံတားပေါ်ကနေခုန်ချသွားတယ်လို့ ယူဆရတဲ့ ကိုစိုးမင်းသိန်းဟာ ပိုက်ထုတ်လုပ်တဲ့ စက်ရုံဝန်ထမ်း တစ်ဦးဖြစ်ပြီး စစ်ကိုင်းဇာတိလည်းဖြစ်ပါတယ်
အခုလက်ရှိသူတို့ မိသားစုဟာအဲ့ဒီ့စက်ရုံဝန်းထဲက အလုပ်သမား အိမ်ယာထဲမှာနေထိုင်လာကြတာ ၂နှစ်ရှိပါပြီ။
အနေအေးပြီး ရိုးသားစွာလုပ်ကိုင်စားသောက်နေတဲ့ မိသားစုလေးဖြစ်ပြီးပြသနာကြီးကြီးမားမား ရှိတာမတွေ့ ရဘူးလို့  ပတ်ဝန်းကျင်ကဆိုပါတယ်။
မရီရီသန်းတို့နှစ်ဦးဟာ အိမ်ထောင်သက်တမ်းငါးနှစ်ကျော်ကြာခဲ့ပါပြီ။ခုတော့ မရီရီသန်းတစ်ယောက် ဧရာဝတီမြစ်ပြင်ကျယ်ကြီးမှာ ပျောက်ဆုံးသွားတဲ့ သားအဖနှစ်ဦးအတွက် ဆုတောင်းရင်း စောင့်မျှော်နေရတာ ပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၃၀ ရက် မနက် ရှစ်နာရီဝန်းကျင်မှာတော့ ကိုစိုးမင်းသိန်းရဲ့ ရုပ်အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီး ကလေးငယ်ကတော့ ပျောက်ဆုံးနေဆဲပါ။

ရုပ်သံသတင်းထောက် – မိုးညို ၊ ဖြိုးဖြိုးဇော် 7day tv

Comments

Popular posts from this blog

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)