ဇန်နဝါရီလ ၆ ရက်နေ့ နေကြတ်ပါမည်

နေ နှင့် ကမ္ဘာ အကြားကို လ ရောက်ရှိသွားတဲ့အခါ (တနည်း) လကွယ်နေ့သို့ ရောက်ရှိတဲ့အခါမှာ တခါတရံ လရဲ့ အရိပ်ဟာ ကမ္ဘာပေါ်သို့ ကျရောက်ပြီအရိပ်ကျရောက်တဲ့ နေရာမှာရှိတဲ့ ဒေသခံများဟာ နေကို လက ဖုံးကွယ်သွားခြင်း (နေကြတ်ခြင်း) ကို မြင်တွေ့ကြရပါတယ်။
နေကြတ်ခြင်းဟာ လကွယ်နေ့မှာသာဖြစ်ပြီးလကြတ်ခြင်းကတော့ လပြည့်နေ့မှာသာ ဖြစ်ပါတယ်။

နတ်တော်လကွယ်နေ့ဖြစ်တဲ့ ဇန်နဝါရီလ (၆) ရက်နေ့မှာတော့ နေကြတ်ခြင်းဖြစ်စဉ် ဖြစ်ပေါ်မှာဖြစ်ပြီး ရုရှား၊ အမေရိကန်၊ တရုတ်၊ မွန်ဂိုလီးယား၊ ဂျပန် နဲ့ ကိုးရီးယား နိုင်ငံတို့ကနေ တစိတ်တပိုင်း နေကြတ်ခြင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ (မြေပုံ)။ အများဆုံး ဖုံးအုပ်ခြင်းကို ရုရှားနိုင်ငံမှာ မြင်တွေ့ရမှာဖြစ်ပြီး တစ်ဝက်ကျော် (၆၂%) လောက်အထိ ဖုံးအုပ်တာကို မြင်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ယခုနေကြတ်ခြင်းကို မြင်တွေ့ရမှာမဟုတ်ပါ။ နေကြတ်မည့်အချိန်ကတော့..မြန်မာစံတော်ချိန် နံနက် ၅ နာရီမှ ၁၁ နာရီအထိ ဖြစ်ပါတယ်။ နေ နှင့် လ တို့ တည်ရှိနေတဲ့ ကြယ်တာရာကတော့ Sagittarius လို့ခေါ်တဲ့ ဓနုရာသီပဲ ဖြစ်ပါတယ်။ ယခု နတ်တော်လကွယ်နေ့မှာ နေကြတ်ပြီးလျှင်တော့.. ပြာသိုလပြည့်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ လအပြည့်ကြတ်ခြင်းနှင့် စူပါမွန်းဖြစ်ခြင်းတို့ ဖြစ်ပေါ်မှာဖြစ်ပါတယ်။

(ပြက္ခဒိန်ရက်နဲ့ တစ်ရက်စီကွာပါတယ်။)

အနာဂတ် ပညာရေးအတွက်.. Credit – သန့်ဦး (အာကာသနှင့် စကြဝဠာ )

Comments

Popular posts from this blog

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)