အပျိုတုန်းကလို ဖြီးလိမ်းပြင်ဆင်မှုမရှိဘဲ ပေတီးပေစုတ်နေတဲ့ဇနီးကို ရိုက်နှက်ခဲ့တဲ့ခင်ပွန်း

ခင်ပွန်းသည်တစ်ဦးဟာ သူရဲ့အမျိုးသမီးကို အပျိုတုန်းကလို ပြင်ဆင်ဖြီးလိမ်းခြင်းမရှိလို့၊ ကြာလာတော့ သည်းမခံနိုင်တဲ့အဆုံး ရိုက်နှက်သည်အထိ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် သူရဲ့ ဇနီးကတော့ ဘယ်လိုဝတ်စားရမယ်၊ ပြင်ဆင် ဖြီးလိမ်းရမယ်ဆိုတာ မသိဘူးလို့ အကြောင်းပြပါသတဲ့။
ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ Jawa Tengah မှာ ဖြစ်ခဲ့တာပါ။ ခင်ပွန်းသည်ကတော့ သူ့ရဲ့ဇနီးဟာ အရင်ကလို ပြင်ပြင်ဆင်ဆင် မနေတော့ဘဲ
ဖိုသီဖိုသတ် နေတာ ကြာနေပြီမို့ သည်းမခံနိုင်တော့ဘူးလို့ ပြောပါတယ်။ သူ့ကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဖမ်းဆီးထားပါတယ်။
ခင်ပွန်းသည်ရဲ့အဆိုအရ ပိုဆိုးတာက မိတ်ဆွေတွေပြုလုပ်တဲ့ ပွဲမှာ၊ သူတို့လင်မယားနှစ်ယောက်စလုံး တက်ရောက်ကြစဉ် သူငယ်ချင်းတွေက
သူရဲ့ ဇနီးနေထိုင်တဲ့ပုံစံဟာ ဖိုသီဖိုသတ်နဲ့ အတော်လေး ကြည်ရဆိုးတယ်လို့ ဝေဖန်ကြတော့ သူဟာ အလွန်ဒေါသထွက်ခဲ့ကြောင်း ဆိုပါတယ်။
ဒီလိုနဲ့ အိမ်ပြန်ရောက်တဲ့အခါ ရှက်လွန်းတဲ့ ခင်ပွန်းဟာ ဇနီးကို အပြစ်ရှာဆဲဆိုရင်း ရန်ရှာတိုက်ခိုက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇန်နဝါရီ (၂၃)ရက်က ဖြစ်ခဲ့တာပါ။
အမျိုးသမီးအမည်မှာ Ma လို့ သိရပြီး အသက်(၂၃)ပါ။ ခင်ပွန်းသည်အမည်ကတော့ Akhmad Khumaidi ဖြစ်ပြီး အသက်(၃၁)နှစ်လို့ သိရပါတယ်။
crd

Comments

Popular posts from this blog

အသက် ၃၀ ကျော်ကွာတဲ့ ချစ်သူနဲ့ မင်္ဂလာပွဲကျင်းပတော့မယ် သမ္မတ ပူတင်

တောင်ငူ လူသတ်မှုမှာ.. ဟဲ့..လူလေးရယ်..မလုပ်ပါနဲ့ဆိုပြီး ဝင်ဆွဲခဲ့သေးတယ်ဆိုတဲ့ အဖွား (ရုပ်သံ)